ကျွန်ုပ်တို့၏ STEAM POWER MYANMAR CO.,LTD သည် တစ်စုံတစ်ယောက်မှ ကိုယ်စားလှယ်ခန့်အပ်ထားခြင်းမရှိပါ ။

“အသိပေးကြေညာခြင်း”

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ နဝရတ်လမ်း၊ အမှတ်(၁၈/ဘီ) (၆-လွှာ)ရှိ (SPM) STEAM POWER MYANMAR Co,Ltd ၏ ကိုယ်စား မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုမွန်အောင် [၁၂/ဒဂရ (နိုင်)၀၁၈ဝ၅၁)၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်-

၁။ (SPM) STEAM POWER MYANMAR Co.,Ltd သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပေးထားသော လိုင်စင်အမှတ် (၁၁၄/၂၀၂၂)ဖြင့် ပြည်ပအလုပ်သမားရှာဖွေရေးအေဂျင်စီအဖြစ် ၂၀၂၂ ခုနှစ်မှ စတင်တည်ထောင်ပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေသော ကုမ္ပဏီဖြစ်ပါသည်။

၂။ ( SPM) STEAM POWER MYANMAR Co.,Ltd သည် ဂျပန်နိုင်ငံတွင် အလုပ်သမားလိုအပ်ချက်အရ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများအတွက် ဂျပန်ဘာသာစကားသင်ကြားရေး သင်တန်းကျောင်းများမှ သင်တန်းသူ၊ သင်တန်းသားများ၏ ကျွမ်းကျင်မှု များနှင့်အညီ ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေသော ကုမ္ပဏီဖြစ်ပါသည်။

၃။ (SPM) STEAM POWER MYANMAR Co.,Ltd သို့ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရေးအတွက် လာရောက်လျှောက်ထားသူ သင်တန်းသား/သူများအနက်မှ သင်တန်းသူ(၄)ဦးသည် မိမိတို့နှင့် ကိုက်ညီသော ဂျပန်နိုင်ငံမှ အလုပ်ခေါ်စာအား ဆက်လက်စောင့်ဆိုင်း လိုခြင်း ဆန္ဒမရှိတော့ကြောင်း ကုမ္ပဏီကသိခဲ့ရသဖြင့် ၎င်းတို့ပေးသွင်း ထားသော Deposit ငွေများအားလုံးကို တစ်စုံတစ်ရာ ဖြတ်တောက်ခြင်း မရှိဘဲ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း ယခုအခါ (SPM) STEAM POWER MYANMAR Co.,Ltd Website & Facebook ပေါ်တွင်တင်ထားသော ကုမ္ပဏီအမည်၊ လိပ်စာပါပုံအား ကူးယူ၍ လူမှုကွန်ရက် စာမျက်နှာဖြစ်သာ Facebook တွင် Yoon Yoon နှင့် Kita Kaze အမည်အကောင့်များက မိမိတို့၏ ကိုယ်ပိုင် Facebook အကောင့်များ တွင်လည်းကောင်း၊ Facebook Group များတွင်လည်းကောင်း၊ နိုင်ငံခြား အလုပ်အကိုင်များဆိုင်ရာ Facebook Group များတွင်လည်းကောင်း ကုမ္ပဏီ၏ ဂုဏ်သိက္ခာကျဆင်းစေရန်၊ ထိခိုက်နစ်နာစေရန် မမှန် ရေးသားပြုလုပ်ပြီး ထိုသို့ပြုလုပ်ထားသည့် အချက်အလက်များကို ဖြန့်ချိနေကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုမွန်အောင် ကိုယ်တိုင် သိရှိခဲ့ရပါသည်။

သို့ပါ၍ (SPM) STEAM POWER MYANMAR Co.,Ltd အား ဂုဏ်သိက္ခာကျဆင်းစေရန်၊ ထိခိုက်နစ်နာစေရန်ဆောင်ရွက်သူ မည်သူ့ကို မဆို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ အချက်အလက်များ တင်ပြပြီး စုံစမ်းဖော်ထုတ်ကာ သက်ဆိုင်ရာဌာနအသီးသီးတွင် ခွင့်ပြုချက် ရယူ၍ (SPM) STEAM POWER MYANMAR Co.,Ltd ၏ ထိခိုက် နစ်နာမှုအ၀၀တို့ကို ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ တရားစွဲဆိုမည်ဖြစ်ကြောင်း အသိပေးကြေညာပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-

ဦးအာကာမျိုးထက် (LL.B.,D.B.L)

တရားလွှတ်တော်ရှေ့နေ (စဉ်-၁၂၃၈၈)

အမှတ်(၉၆)၊ ၅-တီ၊ ဂန္ဓာမာကံမြင့်ကွန်ဒို၊ (၃၇)လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။



about-img

STEAM POWER MYANMAR CO,LTD

Overseas Employment Agency


About Us

STEAM POWER MYANMAR CO,LTD has been in operation since 2022. The company's mission has always been provided to be good quality and stable employment for our Myanmmar citizens overseas especially other countries.


Our Company

ကျွန်မတို့၏ STEAM POWER MYANMAR CO,LTD သည် မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို အရည်အချင်းမြှင့်တင်ပေးနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသော ကုမမ္ပဏီတစ်ခုဖြစ်ပါသည်။


about-img

OUR VISION

To improve the quality of skillful employees lives by giving them overseas job opportunities.





OUR MISSION

To connect great companies with great employees and opening up opportunities for both by partnering up with our clients




CORE VALUES

We are a high performing organization dedicated to employment and human resource services by being a trusted partner and resource for our customers and our community.


Our Recent Work And Activities